• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးအတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း

03 April, 2023


အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-China Free Trade Agreement-ACFTA) ညှိနှိုင်းဆွေးနွေးမှုများ၏ ပထမအကြိမ် ယှဉ်ပြိုင်မှုနှင့်စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေး(1st ACFTA WGCC) အတွက် အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အာဆီယံတွင်း ညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍမှ ကိုယ်စားလှယ်များ၊ စားသုံးသူကာကွယ်‌ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် များ စုစုပေါင်း(၅၁)ဦး တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ် ရေးအခန်းတွင် ထည့်သွင်းမည့် အပိုင်းများနှင့် အကျုံးဝင်မည့်နယ်ပယ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။

ဆက်စပ်သတင်းများ