• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုများအတွက် (၁၁)ကြိမ် မြောက် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးများ တက်ရောက်ခြင်း

29 July, 2025


      အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ညှိနှိုင်းဆွေးနွေးမှုများအတွက် (၁၁)ကြိမ်မြောက် ယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းအစည်းအဝေးများ (11th ASEAN-Canada Free Trade Agreement Working Group on Competition – ACAFTA WGC and Caucus) ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၌ ဇူလိုင် ၂၉ ရက်မှ ၃၁ ရက်အထိ လူကိုယ်တိုင်နှင့် Virtual စနစ် နှစ်မျိုးလုံးဖြင့် ပေါင်းစပ်ကျင်းပပြုလုပ်ခဲ့သည်။

     အစည်းအဝေးများတွင် ဒသမအကြိမ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်၏ ယှဉ်ပြိုင်မှုအခန်းတွင် ထည့်သွင်းမည့်အချက်အလက်များ၊ ယှဉ်ပြိုင်မှုအခန်း၏ စားသုံးသူကာကွယ်ရေးအပိုဒ်တွင် ထည့်သွင်းမည့် အချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

     အစည်းအဝေးသို့ ကနေဒါနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ယှဉ်ပြိုင်မှုကဏ္ဍနှင့် စားသုံးသူကာကွယ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ယှဉ်ပြိုင်မှုနှင့်စားသုံးသူကာကွယ်ရေးဆိုင်ရာကိုယ်စားလှယ်များက အဆိုပါအစည်းအဝေးသို့ Virtual စနစ်ဖြင့် တက်‌ရောက်ခဲ့ကြပါသည်။

 

ဆက်စပ်သတင်းများ