• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပို့ချခြင်း

23 August, 2026


    ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက် (စနေနေ့)တွင် သုခစိုးဟိုတယ်၊ ပျဉ်းမနားမြို့၊ နေပြည်တော်၌ နေပြည်တော်သောက်ရေသန့်လုပ်ငန်းရှင်များအသင်းက ဦးစီးကျင်းပခဲ့သည့် “ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်၊ အရည်အသွေးထိန်းသိမ်းခြင်း၊ စားသုံးသူအခွင့်အရေးနှင့် ဈေးကွက် ယှဉ်ပြိုင်မှု” အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်၊ ဒေါ်အေးအေးသိန်း တက်ရောက်ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်၊ ဒေါ်အေးအေးသိန်းက “ဈေးကွက်ယှဉ်ပြိုင်မှုနှင့် ယှဉ်ပြိုင်မှုဥပဒေကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သောက်ရေသန့်လုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ဆက်စပ်သတင်းများ