• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်း (Russia FAS) နှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်တို့အကြား ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ” လက်မှတ်ရေးထိုးခြင်း

18 August, 2026


     ရှရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်၌ မော်စကိုမြို့တွင် “ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယှဉ်ပြိုင်မှုအဖွဲ့အစည်း (Russia FAS) နှင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်တို့အကြား ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ” ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အဆိုပါစာချွန်လွှာသည် နှစ်နိုင်ငံ ယှဉ်ပြိုင်မှုဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ဖလှယ်ရန်၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ယင်းပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်မှုဆိုင်ရာမူဝါဒနှင့် ဥပဒေအကောင်အထည်ဖော်မှုစွမ်းရည်များ ပိုမိုတိုးတက်လာစေမည်ဖြစ်ပြီး တရားမျှတသော ယှဉ်ပြိုင်မှုပတ်ဝန်းကျင် တည်ဆောက်ရေးကို အထောက်အကူပြုမည်ဖြစ်ပါသည်။     

  

ဆက်စပ်သတင်းများ