• +95-67(3)408505
  • mmcc.office@commerce.gov.mm
Myanmar Competition Commission
Home \ News List \ News Detail
“(၃၇) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ” တက်ရောက်ခြင်း

09 October, 2026


 

        “(၃၇) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၈ ရက်အထိ လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးနှင့်အတူ (၈) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာအဖွဲ့ အစည်းအကြီးအကဲများအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင် သူများအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား အလွတ်သဘောညှိနှိုင်းဆွေးနွေးပွဲများကိုပါ တစ်ဆက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။  

         အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒများနှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ စိန်ခေါ်မှုများအပေါ် ဖြေရှင်းဆောင်ရွက် နိုင်မည့် နည်းလမ်းများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ညှိနှိုင်းဆွေးနွေးနိုင်ရန်နှင့် အာဆီယံနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအကြား နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

        ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသုတအောင်နှင့် ကော်မရှင်ရုံးမှအရာထမ်းများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

ဆက်စပ်သတင်းများ