• +95-67(3)408505
  • mmcc.office@commerce.gov.mm
  • နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ တွင် ယှဉ်ပြိုင်မှုဥပဒေဆိုင်ရာများ မျှဝေဆွေးနွေးခြင်း
    ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်သည်နေပြည်တော်တွင်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာမူပိုင်ခွင့်ညီလာခံ-၂၀၂၅ (International Conference on Intellectual Property-2025) ၌ တင်သွင်းခဲ့သည့် “Zero-Sum Mind-set: A Reflective Study on Synergising IP Rights and Competition Policy for Sustainable Development” ခေါင်းစဉ်ဖြင့် စာတမ်းတင်သွင်းဆွေးနွေးခဲ့ပါသည်။
  • “၂၀၂၅ ခုနှစ် အာရှ-ပစိဖိတ် ဥပဒေအကြီးအကဲများညီလာခံ”သို့ တက်ရောက်ခြင်း
ဥပဒေရေးရာ
အသိပညာပေးခြင်း
တိုင်ကြားမှု
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
ပြည်ထောင်စုအစိုးရအဖွဲ့သည် ယှဥ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (က)နှင့် (ခ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ "မြန်မာနိုင်ငံယှဥ်ပြိုင်မှုကော်မရှင်"ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀၆/၂၀၁၈)ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်နှင့် စီးပွားရေးပညာရှင်များက ကော်မရှင်အဖွဲ့ဝင်များအဖြစ် ပါဝင်ကြပါသည်။
ASEAN Competition Commissions